Golden Plain Livelihood Development Services
Choose Language

ပြောင်းလဲမှု

အသက်မွေးဝမ်းကြောင်းကဏ္ဍ

ရွှေရောင်လွင်ပြင်အဖွဲ့အစည်းသည် ၂၀၁၁ မှ၂၀၁၃ခုနှစ်အထိ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်နှင့်အရာ တော်မြို့နယ်များရှိ ရည်ရွယ်ထားသောကျေးရွာ ၃၀ တွင် စီမံကိန်း ပြုလုပ်ခဲ့ပါသည်။ ကျေးလက်ဒေသရှိ ပြည်သူ များ၏ အသက်မွေးဝမ်းကြောင်းမှု တိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်း များပေးခဲ့ပါသည်။ ထူးခြားသောအကိုျးခံစားခွင့်ရသူတစ်ဦးမှာ မလှိုင်မြို့နယ်ဒဟတ်တန်းကျေးရွာမှ ဒေါ်ခင်ဝင်းမြင့် ဖြစ်ပြီး အမိုျးသမီး ဦးဆောင်သော မိသားသူမှဖြစ်ပြီး လယ် ၅ဧက ပိုင်ပါသည်။ မူလတန်း ပညာအရည်အချင်းသာ ရှိသော်လည်း လယ်ယာစိုက်ပျိုး နည်းစံနစ်များ၊ ဇီဝမြေသြဇာနှင့် သဘာဝပိုးသတ်ဆေးများ၊ ရိတ်သိမ်းလွန်နည်းပညာ၊ အသေးစားစီးပွားရေးနှင့် လောင်စာသက်သာသော မီးဖိုလုပ်နည်းသင်တန်းများ တက်ရောက်ခဲ့ပြီးနောက် သူမ၏ ဝင်ငွေမှာ သိန်း၂၀ အထိ တိုးလာခဲ့ပါသည်။ ရလဒ်အနေနှင့်နည်းပညာများ အသုံးပြုခြင်းဖြင့် နှမ်း၊ ကုလားပဲနှင့်ပဲစင်းငုံ သီးနှံ များ၏ ၁ဧက အထွက်နှုန်း တိုးလာခဲ့ပါသည်။

အဆိုပါကျေးရွာများတွင် စိုက်ပိုျးရေးနည်းပညာသင်တန်းများ ပို့ချခဲ့ရာ ကျေးရွာအများစုမှာ ဓါတ်မြေသြဇာ သုံးစွဲလာရာမှ သဘာဝမြေသြဇာကို ပြောင်းလဲအသုံးပြုလာကြကြောင်းတွေ့ရပါသည်။
မလှိုင်မြို့နယ်၊ ဘိုးြွကယ်ကျေးရွာတွင် ဓါတ်မြေသြဇာလုံးဝမသုံးစွဲတော့ဘဲ၊ ရွာလုံးကျွတ်သဘာဝမြေသြဇာ သုံးစွဲလာ ကြသည့်အပြင်၊ စီမံကိန်းတွင်မပါဝင်သော ရွာနီးနားချင်းများကိုပင် သဘာဝမြေသြဇာ၏ ကောင်းကိုျးကို ထပ်ဆင့်၍ Knowledge share  ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။ ယခုအခါ ဘိုးြွကယ်ကျေးရွာတွင်သာမက ပတ်ဝန်းကျင် အနီးမှ ရွာများမှ ရွာသားအခိုျ့ပါ သဘာဝမြေသြဇာ သုံးစွဲလာကြောင်း သိရပါသည်။

အလားတူပင် အရာတော်မြို့နယ်၊ သခွတ်ပင်လယ်ကျေးရွာတွင်လည်း သဘာဝရွက်ဖျန်းမြေသြဇာပြုလုပ်နည်းများ သင်ကြားပို့ချခဲ့ရာ Natural Foliar Fertilizer  များကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချလာခြင်းကြောင့် ယင်းဒေသ တွင် သဘာဝရွက်ဖျန်းမြေသြဇာအသုံးပြုမှု ပိုမိုများပြားလာကြောင်းတွေ့ရသည်။ အပူပိုင်းဒေသတွင် အဓိက ရာသီဥတုဒဏ်ကြောင့် မြေဆီလွှာပျက်စီး ဆုံးရှုံးမှုများကို ရွှေရောင်လွင်ပြင်မှ စိုက်ပိုျးရေး နည်းပညာများ၊ ဘက်စုံမြေဆီလွှာထိန်းသိမ်းခြင်းနည်းပညာသင်တန်းများ ပို့ချပေးခြင်းဖြင့် သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲလာပြီး မြေဆီလွှာကာကွယ်ထိန်းသိမ်းခြင်း၊ Organic သီးနှံ များစိုက်ပျိုး ထုတ်လုပ်လာနိုင်ခြင်း စသည့် ဒေသဆိုင်ရာတိုးတက်ကောင်းမွန်သော ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပါသည်။

ရွှေရောင်လွင်ပြင်သည် E.E.Stove  လောင်စာသက်သာ မီးဖိုပြုလုပ်နည်းသင်တန်းများကိုလည်း ပို့ချခဲ့ရာ အမှန် တကယ်လောင်စာသက်သာစေကြောင်း သိရှိလာကြသဖြင့် အများစု လက်ခံ ကျင့်သုံးလာခဲ့ပါသည်။ အပူပိုင်းဒေသ တွင် ထန်းလုပ်သားများရှိရာ အဆိုပါနည်းပညာဖြင့် ထန်းလျက်ချက်ဖိုများကို ပြုလုပ်သုံးစွဲလျက် ရှိကြောင်းတွေ့ရပါ သည်။ ရွှေရောင်လွင်ပြင်မှ မွေးမြူရေးသင်တန်းများ ကိုလည်း ပို့ချခဲ့ပါသည်။ ဝက်မွေးမြူရေးလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်စေခဲ့ရာ ဝက်မွေမြူရေးလုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ရာ ဝက်မွေးမြူ ခြင်းမှရရှိလာသော အပိုဝင်ငွေဖြင့် နေအိမ်များ ပြုပြင်ဆောက်လုပ်နိုင်ခြင်း၊ သားသမီးများ၏ ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်ခြင်း၊ သက်ကြီးရွယ်အိုများအတွက် ဝင်ငွေအထောက်အကူ ဖြစ်စေခြင်း စသည့် ပြောင်းလဲတိုးတက်မှုများဖြစ်ပေါ်ခဲ့ပါသည်။

လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့်မြေယာဥပဒေ

ရွှေရောင်လွင်ပြင်သည် သင်တန်းဆရာလုပ်မည့် သင်တန်းသားများအတွက် လူ့အခွင့်အရေး၊ ဒီမိုကရေစီ နှင့် မြေယာဥပဒေဆိုင်ရာ အသိပညာတိုးတက်ရေး သင်တန်းများကို FNF အဖွဲ့အစည်းနှင့်အတူ ဒေးဒရဲနှင့် ဖျာပုံမြို့နယ်ရှိ ရွာ ၄၀စီမှ သင်တန်းသား ၄၀၀၊ US Embassy  အဖွဲ့အစည်းနှင့် သင်တန်းသား၄၀၀ ကို ၂၀၁၃ ခုနှစ်မှာပေးခဲ့ပါသည်။ သင်တန်းလုပ်ရခြင်း ရည်ရွယ်ချက်မှာ လယ်သမားနှင့် အခြေခံလူတန်းစားများ၏ လူ့အခွင့် အရေး၊ ဒီမိုကရေစီနှင့် လယ်ယာမြေဥပဒေဆိုင်ရာ ဗဟုသုတများတိုးတက်လာစေရန် ဖြစ်သည်။ ဒေးဒရဲမြို့နယ်ရှိ ကညင်ကုန်းကျေးရွာတွင် လယ်သမားများသည် သီးနံှစိုက်ပိုျးရေးအတွက် စားကျက်မြေများကို အသုံးပြုခဲ့ကြသည်။ သို့ဖြစ်၍ ၎င်းလယ်သမားများနှင့်စားကျက်ပြုလုပ်လိုသူများအကြား ပဋိပက္ခဖြစ်ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် လွှတ်တော် ၌မြေယာဥပဒေ နံပါတ်(၁၀)ကို ထုတ်ပြန်ခဲ့သည်။

မြေလွတ်၊ မြေရိုင်းဥပဒေ ၂(စ)အရ စားကျက်မြေသည် မြေလွတ်၊ မြေရိုင်းတွင်ပါဝင်သည်။ သို့ဖြစ်၍ မြေလွတ်၊မြေရိုင်းများ၌ စားကျက်အဖြစ်လည်းကောင်း၊ သီးနှံ စိုက်ပျိုးရန် အဖြစ် လည်းကောင်း အသုံးပြုခွင့် မရှိပေ။ သင်တန်းပြီးနောက် လယ်သမားများနှင့် အခြေခံလူတန်းစားများသည် လယ်ယာ မြေဥပဒေကို သေချာစွာသိလာပြီးနောက် ၎င်းမြေများကို သူတို့အသုံးမပြုကြတော့ပေ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အနှစ်သာရနှင့် တန်ဘိုးဆွေးနွေးကြခြင်းဖြင့် အခြေခံလူတန်းစားများသည် သူတို့၏ လွှတ်တော်ကိုယ်စားလှယ်များ နှင့်တွေ့ဆုံပြီး ၎င်းတို့၏ လိုအပ်ချက်များနှင့် ဆန္ဒများကို လမ်းကြောင်းမှန်အတိုင်း လွတ်လပ်စွာဖော်ထုတ်နိုင်ကြ သည်။ သင်တန်းပြီးနောက် သင်တန်းသားများသည် ၎င်းတို့၏ရရှိခဲ့သောဗဟုသုတများကိုများစွာသော လယ်သမား များ၊ အောက်ခြေလူတန်းစားများနှင့် ၎င်းမြို့နယ်ရှိ ကျောင်းသားများ၏ မိဘများအား ကျောင်းအစည်းအဝေးများ တွင်တွေ့ဆုံချိန်တဆင့်ပြန်လည်ဟောပြောခြင်းဖြင့် မြောက်များစွာသော လူအများကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အနှစ်သာရများကို သိရှိစေခဲ့ပါသည်။

ဝန်ဆောင်မှု

  • ကျေးလက်နေ ပြည်သူများအတွက် နည်းပညာဆိုင်ရာသင်တန်းများ ပို့ချခြင်း( စိုက်ပျိုးရေး၊မွေးမြူရေး)
  • ကျေးလက်ဒေသ ဖွိ့ဖြိုးရေး နယ်ပယ်တွင် အတိုင်ပင်ခံများအဖြစ် ဆောင်ရွက်ခြင်း၊
  • ကျေးလက်ဒေသ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊
  • LIFT,EU,UNDP,JICA တို့၏ ရံပုံငွေဖြင့် စီမံကိန်းများ ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

ကျွမ်းကျင်သည့်သင်တန်း

  • ကောင်းစွာဆောင်ရွက်နိုင်ခဲ့ပြီး၊ အသစ်ထပ်မံဆောင်ရွက်နိုင်သည့်လုပ်ငန်းများ။
  • မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဒီရေတောပြန်လည်ထူထောင်ခြင်းလုပ်ငန်း၊ (လပွတ္တာ) (JICA)
  • အင်းလေးကန်ထိန်းသိမ်းရေးနှင့် ပြည်လည်ထူထောင်ရေးစီမံချက် (ကလော၊ ပင်းတယ၊ ညောင်ရွှေ) (UNDP)

ပြောင်းလဲမှု

ရွှေရောင်လွင်ပြင်အဖွဲ့အစည်းသည် ၂၀၁၁ မှ၂၀၁၃ခုနှစ်အထိ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်နှင့်အရာ တော်မြို့နယ်များရှိ ရည်ရွယ်ထားသောကျေးရွာ ၃၀ တွင် စီမံကိန်း ပြုလုပ်ခဲ့ပါသည်။ ကျေးလက်ဒေသရှိ ပြည်သူ များ၏ အသက်မွေးဝမ်းကြောင်းမှု တိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်း များပေးခဲ့ပါသည်။ 

Partners

ဆက်သွယ်ရန်

လိပ်စာ : No.(783-A) 2nd Floor, Kyaw Thu 21st Street, 9 Quarter, South OkKaLaPa Township, Yangon, Myanmar.
ဖုန်း: 09-8633970, 09-965150465, 09-421173124
အီးမေလ်း: admin@goldenplain.org
Facebook : https://www.facebook.com/goldenplainmyanmar