ဤအသင်းသည် ရှေးဦးစွာ ရွှေရောင်လွင်ပြင်စိုက်ပျိုးရေး ထုတ်ကုန်သမဝါယမအသင်း လီမိတက်၊ အမြတ်-အစွန်းအတွက် မရည်ရွယ်သောအသင်းအဖြစ် ၁၉၉၂ မြန်မာသမဝါယမအဖွဲ့အစည်းဥပဒေအောက်၌ ၁၂၊ သြဂုတ်လ ၊ ၂၀၀၄ ခုနှစ်၊ ရန်ကုန် မြို့တွင် ဖွဲ့စည်းခဲ့သည်။ ၂၇၊ သြဂုတ်လ ၊ ၂၀၁၂ ခုနှစ်တွင်မူ သမဝါယမဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရွှေရောင်လွင်ပြင် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ဆောင်မှု သမဝါယမအသင်းလီမိတက် အဖြစ် တရားဝင်အမည် ပြောင်းလဲခဲ့ပါသည်။ ရွှေရောင်လွင်ပြင်သည် "Potential Applicant Data Online Registration" (PADOR) အဖြစ် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံ တင်အမှတ်မှာ Euro Aid ID.MM – 2011– BS – ၀၄၀၈၇၀၄၁၅၂ ဖြစ်သည်။
ရွှေရောင်လွင်ပြင်အဖွဲ့အစည်းသည် ၂၀၁၁ မှ၂၀၁၃ခုနှစ်အထိ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်နှင့်အရာ တော်မြို့နယ်များရှိ ရည်ရွယ်ထားသောကျေးရွာ ၃၀ တွင် စီမံကိန်း ပြုလုပ်ခဲ့ပါသည်။ ကျေးလက်ဒေသရှိ ပြည်သူ များ၏ အသက်မွေးဝမ်းကြောင်းမှု တိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်း များပေးခဲ့ပါသည်။
Read more